ပဲတောင့်ထိုးပိုးများ

ဖျက်ဆီးမှုဆိုးဝါး ပဲတောင့်ထိုးပိုးများ

ပဲမျိုးနွယ်ဝင်သီးနှံများတွင်ဖျက်ဆီးမှုဆိုးဝါးစွာကျရောက်တဲ့ဖျက်ပိုးကတော့ ပဲသီးတောင့်ထိုးပိုး(Bean Pod Borer)ဘဲဖြစ်ပါတယ်။ ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်သည့်နေရာတိုင်းတွင်ကျရောက်လေ့ရှိပါသည်။ ကမ္ဘာ့နေရာအနှံ့အပြားတွင်ကျရောက်ကာဖျက်ဆီးကြသဖြင့် ပဲထွက်ရှိမှုရာခိုင်နှုန်းအတော်များများဆုံးရှုံးကြသည်။ ပဲမျိုးနွယ်ဝင်အပင်များသည်ဤဖျက်ပိုးများခိုအောင်းရာလက္ခံပင်များဖြစ်ကြသဖြင့် စနစ်တကျကာကွယ်နှိမ်နင်းရန်လိုအပ်ပါသည်။


ပဲသီးစားပိုးများ

ပဲသီးစားပိုးများ

ပဲသီးစားပိုးများသည် ပဲမျိုးရင်းဝင်သီးနှံများသာမကအခြားသောသီးနှံမျိုးစုံများတွင်လည်း ကျရောက်ဖျက်ဆီးသည့်အစုံစားဖျက်ပိုးများဖြစ်ကြသည်။ စိုက်ပျိုးသီးနှံပင်များကို အပင်ပေါက်ပြီးကြီးထွားနေဆဲအဆင့်မှစကာသီးတောင့်များရင့်မှည့်သည်အထိ ဆိုးဝါးစွာကျရောက်ဖျက်ဆီးကြသဖြင့်စိုက်ပျိုးသူများအထူးသတိထားရမည့်ဖျက်ပိုးဖြစ်ပါသည်။ သီးနှံမျိုးစုံကိုစားသောက်ဖျက်ဆီးယုံမက ဇတ်တူဇတ်သားကိုပါစားသောက်သည့်သားစားတိရိစ္ဆာန်များပင်ဖြစ်ပါသည်။

နှမ်းဖြုတ်ညို

နှမ်းဖြုတ်ညို

ပိုးမမည်အကောင်ငယ်နှင့်အကောင်ကြီးတို့သည် အရွက်အောက်မျက်နှာပြင်တွင် နေထိုင်ကြသည်။ သီးနှံပင်၏ နုနယ်သောအပိုင်းမှပင်ရည်ကိုစုပ်ယူစားသောက်ကြသည်။ အရွက်နှခမ်းသားများသည် ဖြုတ်ပိုးများကြောင့် လိပ်လာသည်။ ထို့ပြင်အရွက်များသည် အရောင်အားဖြင့်အနီရောင်(သို့)အညိုရောင်သို့ပြောင်းသွားသည်။ နောက်ဆုံးတွင်အရွက်များသည်ခြောက်ပြီးကြွေကျသွားပါသည်။ ပင်ရည်ကိုစုပ်စားသဖြင့်ထိခိုက်ဆုံးရှူံးပျက်စီးမှုနည်းသော်လည်းနှမ်းဖိုရောဂါကိုဖြစ်ပွားစေသည့်သက်ရှိကိုသယ်ဆောင်သဖြင့် ဖြုတ်ညိုပိုးများကိုအထူးဂရုစိုက်ကာနှိမ်နင်းရန်လိုအပ်ပါသည်၊

နှမ်းဖလံ/နှမ်းရွက်စားပိုး

နှမ်းဖလံ/နှမ်းရွက်စားပိုး

မိုးဉီးကျနှမ်းစတင်စိုက်ပျိုးသည်မှရိတ်သိမ်းချိန်အထိကျရောက်ပါသည်။ နှမ်းပင်သက်တမ်းတလျှောက်ဆိုးဝါးစွာဖျက်ဆီးလေ့ရှိပါသည်။ အရွက်များပေါ်တွင်ဖလံအမသည်ဉများကိုတစ်လုံးခြင်းဉလေ့ရှိပါသည်၊ ဉမှပေါက်လာသောလောက်ကောင်များသည်နှမ်းပင်၏အရွက်များကို စားသောက်ကာဖျက်ဆီးကြသည်၊ နှမ်းပင်၏အညွန့်အဖူးများကိုလည်းစားသောက်ဖျက်ဆီးကြသည်။





နှမ်းသီးနှံစိုက်ပျိုးရေး

နှမ်းသီးနှံစိုက်ပျိုးရေး

အာဖရိကရှိအီသီယိုပီးယားနိုင်ငံသည် နှမ်း၏မူရင်းဒေသဖြစ်ကြောင်းကိုအများစုကလက်ခံထားကြပါသည်၊ သို့သော်အချိန်စောစောကပင်၎င်းနိုင်ငံမှတဆင့်အာရှတိုက်အနောက်ပိုင်းကိုဖြတ်၍၊ အိန်္ဒိယ၊ တရုတ်နှင့် ဂျပန်နိုင်ငံများသို့ပြန့်နှံ့သွားကြသည်ဟုစာပေများတွင်ဖေါ်ပြထားသည်ကိုဖတ်ရှုမှတ်သားရပါသည်။




ပဲမျိုးစုံ မှဲ့ပျောက်စွန်း ရောဂါ

ပဲမျိုးစုံ မှဲ့ပျောက်စွန်း ရောဂါ

ပဲမျိုးစုံမှဲ့ပျောက်စွန်းရောဂါသည်မှိုကြောင့်ဖြစ်စေသည့်ရောဂါဖြစ်ပါသည်။ အခြားသောနည်းလမ်းများထက်မျိုးစေ့မှတဆင့်ကူးစက်စေသည့်မျိုးစေ့ ဆောင်ရောဂါဖြစ်ပါသည်။ပဲသီးနှံများတွင်သာမကအခြားသောဟင်းသီး ဟင်းရွက်နှင့်သီးနှံများတွင်လည်းကျရောက်ပါသည်၊ဤရောဂါကျရောက်သဖြင့် အပူပိုင်းဒေသရှိပဲစိုက်ခင်းများတွင်အထွက်နှုန်းများစွာထိခိုက်စေသဖြင့်စီးပွား ရေးအရနစ်နာစေပါသည်။ပဲမျိုးစုံသီးနှံအများစုသည်ရောဂါဖြစ်ပွားစေသည့် လက်ခံပင်များပင်ဖြစ်ကြသည်။

ပဲမျိုးစုံဖားဉမှိုရောဂါ

ပဲမျိုးစုံဖားဉမှိုရောဂါ

စိုက်ပျိုးသီးနှံတော်တော်များများတွင်ကျရောက်တတ်သောရောဂါဖြစ်သည်။ Erysiphaceae မျိုးရင်းတွင်ပါဝင်ကာကျရောက်ပါကစီးပွားရေးဆုံးရှံးစေနိုင် သည်။သီးနှံအထွက်နှုန်းကျဆင်းစေယုံမက၊သီးစားသီးနှံများတွင်အရည်အသွေး ညံ့ဖျင်းစေသည်။အချိန်တိုအတွင်းတပင်လုံးသို့ပြန့်နှံကာရောဂါဖြစ်ပွားစေသဖြင့် အလေးထားကာနှိမ်နင်းသွားရန်အထူးလိုအပ်ပါသည်။



ကြက်သွန်သီးနှံ စိုက်ပျိုးရေး

ကြက်သွန်သီးနှံ စိုက်ပျိုးရေး

ကြက်သွန်နီသည်အမိမြန်မာနိုင်ငံတွင်စားဖိုချောင်သီးနှံအဖြစ်အများဆုံးအသုံး ကြသည့်သီးနှံဖြစ်ပါသည်။စားသုံးရန်အတွက်နည်းလမ်းအမျိုးမျိုးဖြင့်ချက်ပြုတ် ကျော်လှော်ကာအသုံးပြုကြသည်။ထို့အပြင်ကြက်သွန်နီအားနေ့စဉ်စားသုံးခြင်း ဖြင့်ကျန်းမာရေးကိုလည်းအထောက်အကူဖြစ်စေပါသည်။ပြည်တွင်းစားသုံး၍ ပိုလျှံသည်များကိုပြည်ပသို့တင်ပို့ရောင်းချခြင်းဖြင့်တိုင်းပြည်အတွက်နိုင်ငံခြား ငွေရှာဖွေပေးသဖြင့်အထူးအရေးပါသောလယ်ယာထွက်ကုန်ပစ္စည်းဖြစ်ပါသည်။

×

ဖျက်ဆီးမှုဆိုးဝါး ပဲတောင့်ထိုးပိုးများ

ပဲတောင့်ထိုးပိုး

ပဲတောင့်ထိုးပိုး

ပဲတောင့်ထိုးပိုးများ

နိဒါန်း : ပဲမျိုးနွယ်ဝင်သီးနှံများတွင်ဖျက်ဆီးမှုဆိုးဝါးစွာကျရောက်တဲ့ဖျက်ပိုးကတော့ပဲသီးတောင့်ထိုးပိုး (Bean Pod Borer ) ဘဲဖြစ်ပါတယ်။ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်သည့်နေရာတိုင်းတွင်ကျရောက်လေ့ရှိပါသည်။ကမ္ဘာ့နေရာအနှံ့အပြားတွင်ကျရောက်ကာဖျက်ဆီးကြသဖြင့်ပဲထွက်ရှိမှုရာခိုင်နှုန်းအတော်များများဆုံးရှုံးကြသည်။ပဲမျိုးနွယ်ဝင်အပင်များသည်ဤဖျက်ပိုးများခိုအောင်းရာလက္ခံပင်များဖြစ်ကြသဖြင့်စနစ်တကျကာကွယ်နှိမ်နင်းရန်လိုအပ်ပါသည်။

မြန်မာအမည် : ပဲတောင့်ထိုးပိုး

အဂ်လိပ်အမည် : Bean Pod Borer

သိပ္ပံအမည် : Maruca Vitrata

မျိုးစဉ် : Lepidoptera

မျိုးရင်း : Crambidae

လက္ခဏာ နှင့် ဘဝစက်ဝန်း :
အရွယ်ရောက်ပြီးသောဖလံအမသည်ညအခါတွင်သာသွားလာလှုပ်ရှား ကာနေ့ခင်းတွင်မူပဲပင်များ၏အောက်ရွက်များအောက်တွင်နေထိုင်လေ့ ရှိကြသည်။ဖလံမသည်ဉများကိုပဲပင်၏ပင်စည်များပေါ်တွင်၎င်း၊ပန်းပွင့် များအဖူးများနှင့်အရွက်များပေါ်တွင်လည်းအုကြသည်။ဉများကိုမူတစ်လုံးစီ အုလေ့ရှိသည်။ဉများသည်အရောင်အားဖြင့်နို့နှစ်ရောင်ရှိကာဖြူဝင်နေသည်။ ဉမှပေါက်လာသောလောက်ကောင်သည်ပန်းပွင့်များပေါ်တွင် (၇) ရက်ခန့်ကြာအောင်စားသောက်နေထိုင်ပြီးဆက်လက်ကာပဲသီးတောင့်များ အတွင်းထိုးဖောက်ဝင်ရောက်ကာပဲစေ့များကိုစားသောက်ကြပြန်သည်။ပဲတောင့် များကိုခွဲကြည့်ပါက၎င်းတို့ဝင်ရောက်သည့်အပေါက်များကိုတွေ့ယုံမကအသီးများထဲတွင်လည်းလောက်ကောင်များကိုတွေ့ရှိရသည်။ယင်းတို့၏အညစ်အ ကြေးများကိုပါတွေ့ရှိရသည်။
လောက်ကောင်များသည်အဖူး၊အပွင့်၊အရွက်များကိုစားသောက်ဖျက်ဆီးယုံမက ၎င်းတို့၏ပါးစပ်မှထုတ်လုပ်သောပိုးချည်မျှင်များဖြင့်လုံးထွေးရစ်ပတ်ကာဖျက်ဆီးစားသောက်ကြသည်။လောက်ကောင််များ၏ဖျက်ဆီးစားသောက်မှုမြန်ဆန် ကာတဖြေးဖြေးအကောင်ကြီးအဆင့်သို့ရောက်ရှိလာကြသည်။အကောင်ကြီးများသည် အရောင်အားဖြင့်နို့နစ်ရောင်ရှိကာကျောပေါ်တွင်အနက်စက်အ ပျောက်နှစ်တန်းပါရှိကြသည်။အတောင့်ထဲသို့မဝင်ရောက်မှီအကောက်ကြီး များသည်အရွယ်အစားအားဖြင့်( 18 ) mm ခန့်ရှိသည်။ရုပ်ဖုံးဘဝကိုမြေဆီ လွှာထဲတွင်ခိုအောင်းကာပြုလုပ်ကြယုံမကချည်မျှင်များနှင့်လုံးထွေးနေသည့် အပွင့်အညွန့်အဖူးထဲအပွင့်များတွင်လည်းပြုလုပ်ကြသည်။အသီးတောင့်ထဲ တွင်လည်းပြုလုပ်ကြလေ့ရှိသည်။

အကျိုးသက်ရောက်မှုများ :
ပဲသီးတောင့်ထိုးပိုးသည်ပဲမျိုးရင်ဝင်သီးနှံများတွင်အဓိကကျရောက်ဖျက်ဆီး သည့်ဖျက်ပိုးဖြစ်ပါသည်။ဉမှပေါက်လာသည့်လောက်ကောင်များသည်ဖျက် ဆီးမှုများပြားသည်။အဖူးအပွင့်များနှင့်အရွက်များကိုစားသောက်ဖျက်ဆီးယုံ မကပဲသီးတောင့်များအတွင်းသို့လည်းထိုးဖောက်ဝင်ရောက်ကာအစေ့များကို စားသောက်ကြသည်။ထို့ပြင်၎င်းတို့ဖျက်ဆီးစားသောက်ထားသည့်အပင်အစိတ် အပိုင်းများကိုပါချည်မျှင်များဖြင့်လုံးထွေးရစ်ပတ်ထားသဖြင့်ဆုံးရှုံးပျက်စီးမှု များပြားပါသည်။ဖျက်ပိုးများကျရောက်မှုနည်းပါးစေရန်အတွက်စနစ်ကျစွာ ကာကွယ်နှိမ်နင်းသွားရန်လိုအပ်ပါသည်။

ကာကွယ်နှိမ်နင်းနည်းစနစ်များ :

၁။ လောက်ကောင်များကိုစားသောက်သည့် သဘာဝရန်သူ (Natural enemies) များကိုစိုက်ခင်းအတွင်းသို့လွှတ်ပေးပါ။

၂။ Cultural Control

  • ပဲသီးတောင့်ထိုးပိုးကျရောက်ဖျက်ဆီးသည့်စိုက်ခင်းနှင့်နီးကပ်လျက်ပဲသီးနှံကို မစိုက်ပါနှင့် ။
  • ပဲပင်အတန်းများကြားတွင်ပြောင်းသီးနှံ သို့မဟုတ် နှံစားပြောင်းကို စိုက်ပါ။
  • ပဲရိတ်သိမ်းပြီးအကြွင်းအကျံများကို ဖျက်ဆီးပြစ်ပါ။
  • ခံနိုင်ရည်ရှိသောမျိုးများကိုရွေးစိုက်ပျိုးပါ။

၃။ ဓာတုဗေဒပိုးသတ်ဆေးများအသုံးပြုခြင်း ပိုးသတ်ဆေးများအားအသုံးပြုရာတွင် ပဲစိုက်ခင်းများတွင်အကျိုးပြုနေသည့် အကျိုးပြုပိုးများ( Beneficial Insects ) ဖြစ်သည့် ပန်းဝတ်မှုံကူးအင်းဆက်များ (Pollinators )၊ သဘာဝရန်သူများ (Natural ememies ) နှင့်ပိုးဉများ၊လောက် ကောင်များကိုစားသောက်သည့်သားရဲကောင်များ ( Predators ) ကိုသေဆုံးမှု မဖြစ်စေသည့် ဆေးများကို အသုံးပြုရန် လိုအပ်ပါသည်။

၄။ စိုက်ခင်းအတွင်း၌သီးတောင့်ထိုးပိုးကျရောက်ဖျက်ဆီးနေသည့် အစိတ်အပိုင်းများ၊ လောက်ကောင်များတွေ့ရှိပါကကောက်ယူဖျက်ဆီးပြစ်ပါ။

၅။ ပိုသတ်ဆေးအုပ်စုမတူညီသည့်ပိုးသတ်ဆေးဖြစ်သည့် ဘလော့ 5 % SGနှင့် ကိုလန်း 247 SC တို့အားအသုံးပြု၍ကာကွယ်နှိမ်နင်းနိုင်ပါသည်။

×

ပဲသီးစားပိုးများ

ပဲသီးစားပိုးများ

ပဲသီးစားပိုးများ

နိဒါန်း : ပဲသီးစားပိုးများသည်ပဲမျိုးရင်းဝင်သီးနှံများသာမကအခြားသောသီးနှံမျိုးစုံ များတွင်လည်းကျရောက်ဖျက်ဆီးသည့်အစုံစားဖျက်ပိုးများဖြစ်ကြသည်။ စိုက်ပျိုးသီးနှံပင်များကိုအပင်ပေါက်ပြီးကြီးထွားနေဆဲအဆင့်မှစကာသီး တောင့်များရင့်မှည့်သည်အထိဆိုးဝါးစွာကျရောက်ဖျက်ဆီးကြသဖြင့်စိုက် ပျိုးသူများအထူးသတိထားရမည့်ဖျက်ပိုးဖြစ်ပါသည်။သီးနှံမျိုးစုံကိုစားသောက် ဖျက်ဆီးယုံမကဇတ်တူဇတ်သားကိုပါစားသောက်သည့်သားစားတိရိစ္ဆာန်များ ပင်ဖြစ်ပါသည်။

မြန်မာအမည် : ပဲသီးစားပိုး

အဂ်လိပ်အမည် : Pod borer / American boll worm

သိပ္ပံအမည် : Helicoverpa armigera

မျိုးစဉ် : Lepidoptera

မျိုးရင်း : Noctuidae

ဘဝစက်ဝန်း :
အရွယ်ရောက်ပြီးသောဖလံအမသည်ပဲသီးနှံပင်၏လက္ခံပင်အစိတ်အပိုင်းများ ပေါ်တွင်ဉများကိုအုကြသည်၊အရွက်အပွင့်အဖူးများ၏မျက်နှာပြင်များပေါ်တွင် ဉများကိုအုကြသည်။ဖလံအမတစ်ကောင်သည်ဉများစွာကိုအုလေ့ရှိကြပါသည်။ ပိုးဉများသည်လုံးဝိုင်းသောပုံစံရှိကာမျက်နှာပြင်သည်အမြေှာင်းမြေှာင်း‌ဖော်ထား သကဲ့သို့ဖြစ်နေသည်။ ဉမှ ( ၄ ) ရက်ခန့်ကြာပါကလောက်ကောင်ငယ်လေးများ ပေါက်ဖွားလာသည်။အုမှပေါက်ခါစတွင်အဖြူရောင်ဖြစ်ကာနောက်ပိုင်းအစိမ်း ရောင်သို့ပြောင်းသွားသည်။လောက်ကောင်ငယ်ဘဝမှစကာသီးနှံများအားဖျက် ဆီးကြကာအကောင်ကြီးရောက်သည်အထိအဆင့်(၆) ဆင့်ကိုကျော်ဖြတ်သန်း ကြသည်၊ပိုးလောက်ကောင်အဆင့်တိုင်းတွင်သီးနှံပင်ဆက်တိုက်ဖျက်ဆီးစား သောက်ကြသည်။ အကောင်ကြီးများသည်အရောင်အမျိုးမျိုးရှိကြကာအစိမ်းရောင်၊အဝါရောင်၊ နီညိုရောင်တို့ဖြစ်ကြသည်။ဉီးခေါင်းသည်အဝါရောင်ဖြစ်ကာအပျောက်အစက် များပါရှိသည်။အနက်ရောင်အစင်းများပါရှိကာခန္ဓာကိုယ်ဘေးတစ်ဖက်တစ်ချက် တွင်အဝါရောင်အစင်းများပါရှိသည်။လောက်ကောင်များ၏ထူးခြားချက်မှာသွက် လက်မြန်ဆန်ကာထိခိုက်မှုတစုံတရာဖြစ်ပေါ်ပါက၎င်းတို့၏ခန္ဓာကိုယ်အားကွေး ညွှတ်ကာမြေပြင်ပေါ်သို့ခုန်ချ လေ့ရှိပါသည်။ ဉမှပေါက်လာသောလောက်ကောင်များသည်အကောင်ကြီးအဆင့်သို့ရောက်ရန် လောက်ကောင်ငယ်ဘဝမှစကာအဆင့် ( ၆ ) ဆင့်အားဖြတ်သန်းပြီးမအကောင် ကြီးအဆင့်သို့ရောက်ပါသည်။လောက်ကောင်အဆင့်တိုင်းတွင်သီးနှံပင်ကိုဖျက် ဆီးကြသည်။ဉဘဝ ( ၄ ) ရက်၊ လောက်ကောင်ဘဝ ( ၂ - ၃ )ပါတ်၊ ရုပ်ဖုံးဘဝ ( ၁ ) ပါတ်၊အကောင်ကြီးဖလံဘဝတွင် ( ၁ ) ပါတ်ခန့်ကြာမြင့်ပါသည်။ဉဘဝမှ စကာဖလံဘဝရောက်သည်အထိ ( ၄ - ၅ ) ပါတ်ခန့်ကြာပါသည်။

လက္ခံပင်များ :
ပဲမျိုးစုံသီးနှံပင်များသာမက၊ခရမ်းချဉ်၊ဝါ၊ကုလားပဲ၊ပဲစဉ်းငုံ၊စပါး၊ရုံပတီ၊ပြောင်း၊ ပဲပုပ်၊မြေပဲ၊စားတော်ပဲ၊ဆေးရွက်ကြီး၊အာလူး၊ပြောင်းဖူးသီးနှံတို့တွင်လည်းကျ ရောက်ဖျက်ဆီးသည့်အစုံစားသတ္တဝါများဖြစ်ကြသည်။

ဖျက်ဆီးမှုလက္ခဏာ :
ကျရောက်သီးနှံပင်းများတွင်ရွက်ကြောများသာကျန်သည်အထိဆိုးဝါးစွာဖျက် ဆီးစားသောက်ကြသည်။နိုဝင်ဘာလမှစကာမတ်လအထိအစေ့အဆန်များကို ဖျက်ဆီးကြသည်။ဉမှပေါက်လာသောလောက်ကောင်များသည်အပင်ပေါက်ငယ် များ၏အရွက်များကိုစားသောက်ကြသည်။အရွက်များတွင်ဆန်ကာပေါက်ကျန် သည်အထိဖျက်ဆီးကြသည်။ထို့ပြင်အပင်များကြီးထွားနေဆဲကာလများ၌၊အဖူး အပွင့်အသီးများကိုဆက်လက်စားသောက်ကြသည်။လောက်ကောင်များသည် တဖြေးဖြေးနှင့်ကြီးထွားလာကာအသီးများစတင်သီးလာသည်နှင့်အသီးတောင့် များအားဖျက်ဆီးကြသည်။ထူးခြားချက်မှာအသီးတောင့်များအတွင်းသို့ဝင် ရောက်စားသောက်ရာတွင်ဉိးခေါင်းနှင့်ခန္ဓာကိုယ်တစ်ဝက်မှာအသီးတောင့်အ တွင်း၌ရှိကာ၊ကျန်အပိုင်းမှာအသီးတောင့်၏အပြင်ဘက်တွင်တည်ရှိနေသည်။ အသီးတောင့်များ၊အဖူးအပွင့်များ၊အရွက်များ၊အပွင့်များပဲ့နေခြင်း၊ပြတ်နေခြင်း များကိုတွေ့နိုင်ပါသည်။ကုလားပဲသီးနှံတွင်မူအသီးတောင့်အတွင်း၌၊လောက် ကောင််များသည်ခွေနေကာအစေ့များကိုစားသောက်ဖျက်ဆီးကြသည်။

ကာကွယ်နှိမ်နင်းနည်းစနစ်များ :

၁။ စိုက်ပျိုးမည့်မြေကွက်များအတွင်းရှိအမှိုက်သရိုက်ပေါင်းများကိုရှင်းပါ။

၂။ ပိုးဖျက်ဆီးထားသည့်အသီးတောင့်များကိုဖယ်ရှားပါ။

၃။ ပဲမျိုးစုံသီးနှံအတွင်းပြောင်းဖူးပင်များကိုထည့်၍စိုက်ပျိုးပါ။

၄။ အပင်ပေါ်ရှိဉများ၊ပိုးလောက်ကောင်များကိုဖယ်ရှားပါ။

၅။ ပိုးလောက်ကောင်များစားသောက်သည့်နံနက်စောစောနှင့်ညနေပိုင်းတွင်သာပိုးသတ်ဆေးပက်ဖျန်းပါ။

၆။ ထိသေ၊စားသေပိုးသတ်ဆေးများဖြင့်ကာကွယ်နှိမ်နင်းပါ။ (အကျိုးပြုပိုးများမသေဆုံးစေရန်သတိထားပြီးပိုးသတ်ဆေးကိုရွေးချယ်အသုံးပြုပါ။)

၇။ ကိုလန်း ၂၄၇ အက်စီ နှင့် ဘလော့ ၅ ရာခိုင်နှုန်း အက်စ်ဂျီ တို့အားအသုံးပြု၍ကာကွယ်နှိမ်နင်းပါ။

×

နှမ်းဖြုတ်ညို

နှမ်းဖြုတ်ညို

နှမ်းဖြုတ်ညို

မြန်မာအမည် : နှမ်းဖြုတ်ညို

အဂ်လိပ်အမည် : Sesame Brown Leaf Hopper

သိပ္ပံအမည် : Orosius albicinctus

မျိုးစဉ် : Hemiptera

မျိုးရင်း : Cicadellidae

ဖျက်ဆီးပုံလက္ခဏာ :
ပိုးမမည်အကောင်ငယ်နှင့်အကောင်ကြီးတို့သည်အရွက်အောက်မျက်နှာပြင်တွင်နေထိုင်ကြသည်။ သီးနှံပင်၏နုနယ်သောအပိုင်းမှပင်ရည်ကိုစုပ်ယူစားသောက်ကြသည်။အရွက်နှခမ်းသားများသည်ဖြုတ်ပိုးများကြောင့် လိပ်လာသည်။ထို့ပြင်အရွက်များသည်အရောင်အားဖြင့်အနီရောင်(သို့)အညိုရောင်သို့ပြောင်းသွားသည်။နောက်ဆုံးတွင် အရွက်များသည်ခြောက်ပြီးကြွေကျသွားပါသည်။ပင်ရည်ကိုစုပ်စားသဖြင့်ထိခိုက်ဆုံးရှူံးပျက်စီးမှုနည်းသော်လည်း နှမ်းဖိုရောဂါကိုဖြစ်ပွားစေသည့်သက်ရှိကိုသယ်ဆောင်သဖြင့်ဖြုတ်ညိုပိုးများကိုအထူးဂရုစိုက်ကာနှိမ်နင်းရန်လိုအပ်ပါသည်၊

ဘဝစက်ဝန်း :
ဖြူတ်ပိုအရွယ်ရောက်ကောင်သည်ဉများအား နှမ်းပင်၏ရွက်ညှာထိပ်နှင့်ရွက်ကြောများအကြားတွင် ဉများကိုအုလေ့ရှိကြပါသည်။ဉမှပေါက်လာသောပိုးမမည်များသည်အရွက်မှသစ်ရည်ကိုစုပ်စားကြသည်။ပိုးဉဘဝတွင် (၇ ရက်မှ ၈ ရက်ထိ ) ပိုးကောင်ငယ်ဘဝတွင် ( ၁၀ ရက်မှ ၁၃ ရက်ခန့်) ၊ အကောင်ကြီးဘဝတွင်မူ ( ၇ ရက်မှ ၁၄ ) ရက် ခန့်ထိ ကြာမြင့်ပါသည်။

အလေ့အထ :
နှမ်းပင်၏သက်တမ်းတလျှောက်တွင်ကျရောက်ဖျက်ဆီးကြသည်။နှမ်းပင်ကြီးထွားချိန်မှစကာ နှမ်းသီးရှဉ်းများတွင်အစေ့ထည့်ကာ၊အသီးများဖြစ်ချိန်ထိကျရောက်လေ့ရှိပါသည်။မိုးစိုက်နှမ်းများတွင်မေလ၊ ဇွန်လများတွင်ကျရောက်မှုအများဆုံးဖြစ်ပါသည်။နှမ်းဖိုရောဂါဖြစ်စေသည့်သက်ရှိကိုသယ်ဆောင်သော၊အပင်စား ဖျက်ပိုးများဖြစ်ကြပါသည်။

ပိုးမွှားကင်းထောက်ကောက်ယူခြင်း :
ပိုးမွှားကင်းထောက်မှတ်တမ်းကောက်ယူ၍ ၊အပင်တစ်ပင်တွင်အကောင် ( ၃-၄) ကောင်အနည်းဆုံး တွေ့ရပါကထိရောက်သောပိုးသတ်ဆေးဖြစ်သည့်ဘစ်ရိုး ၂၀၀ အက်စီကိုအသုံးပြု၍ကာကွယ်နှိမ်နင်းပေးပါ။ အပင်တစ်ပင်တွင်ဖြုတ်တစ်ကောင်တွေ့ရပါကနှမ်းဖိုရောဂါဖြစ်ပွားမှု(၂၉ ) ရာခိုင်နှုန်း ထိဖြစ်စေနိုင်ပါသည်။

ကာကွယ်နှိမ်နင်းနည်းများ :

၁။ နှမ်းဖိုရောဂါကျရောက်ခဲ့သောအကွက်အနီးအနားတွင်မစိုက်ပျိုးပါနှင့်။

၂။ စိုက်ခင်းအတွင်းနှင့်အနီးနားရှိပေါင်းမြက်များကိုရှင်းလင်းထားပါ။

၃။ ရောဂါဖြစ်ပွားပါက နှမ်းသီးနှံ့ကိုဆက်တိုက်မစိုက်ဘဲအခြားသီးနှံဖြင့်သီးလှည့်စိုက်ပျိုးပါ။

၄။ နှမ်းမျိူးစေ့များကိုမစိုက်ပျိုးမှီဆေးလူးနယ်စိုက်ပျိုးပါ၊ (စူပါရာမီ ၁၀ ရာခိုင်နှုန်း ရှိ ဆေး (၅၀) ဂရမ်အားမျိုးစေ့ (၁၀၀) ဂရမ်ဖြင့်လူးနယ်စိုက်ပျိုးပါ။)

၅။ ဖြုတ်ညိုပိုးများအား ရေ ( ၂၀ ) လီတာဝင်ဆေးဖျန်းပုန်းတစ်ပုန်းတွင် ဆေးရည် ( ၁၅ - ၂၀ ) စီစီထည့်ကာစနစ်တကျပက်ဖျန်းပါ။

×

နှမ်းဖလံ / နှမ်းရွက်စားပိုး

နှမ်းဖလံ

နှမ်းဖလံ / နှမ်းရွက်စားပိုး

မြန်မာအမည် : နှမ်းဖလံ / နှမ်းရွက်စားပိုး

အဂ်လိပ်အမည် : Death Head Moth

သိပ္ပံအမည် : Acherontia styx

မျိုးစဉ် : Lepidoptera

မျိုးရင်း : Sphingidae

ကျရောက်သည့်အချိန် :
မိုးဉီးကျနှမ်းစတင်စိုက်ပျိုးသည်မှရိတ်သိမ်းချိန်အထိကျရောက်ပါသည်။နှမ်းပင်သက်တမ်းတလျှောက်ဆိုးဝါးစွာဖျက်ဆီးလေ့ရှိပါသည်။

ဖျက်ဆီးပုံ :
အရွက်များပေါ်တွင်ဖလံအမသည်ဉများကိုတစ်လုံးခြင်းဉလေ့ရှိပါသည်၊ ဉမှပေါက်လာသောလောက်ကောင်များသည် နှမ်းပင်၏အရွက်များကိုစားသောက်ကာဖျက်ဆီးကြသည်၊ နှမ်းပင်၏အညွန့်အဖူးများကိုလည်းစားသောက်ဖျက်ဆီးကြသည်။

လက္ခဏာ :
နှမ်းပင်တွင်အရွက်များ၊အညွန့်များကိုစားသောက်ဖျက်ဆီးထားသည်ကိုတွေ့မြင်နိုင်ပါသည်။ဖျက်ဆီးမှုပြင်းထန်ပါကရိုးတံများသာ ကျန်တော့သည်ထိပြင်းထန်ပါသည်။ဉမှပေါက်လာသောလောက်ကောင်သည်ကြီးမားသဖြင့်အလွယ်တကူသိမြင်လွယ်ပါသည်။ အကောင်ကြီးများသည်မြေသားထဲသို့ထိုးဆင်းကာရုပ်ဖုံးဘဝကိုတည်ဆောက်ကာခိုအောင်းနေနိုင်ကြသည်။ ဉဘဝတွင် ( ၅-၁၀) ရက်၊ ပိုးလောက်ကောင်ဘဝတွင် ( ၁၄- ၂၁ ) ရက်ထိကြာမြင့်တတ်ပါသည်။

ကာကွယ်နှိမ်နင်းခြင်း :

၁။ နှမ်းပင်တန်း (၉ ) ပေအတွင်းပိုးတုံးလုံးတစ်ကောင်တွေ့ရှိပါကပိုးသတ်ဆေးပက်ဖျန်းပေးရန်လိုပါသည်။

၂။ ဖျက်ပိုးများကိုကွန်ဖူးပိုးသတ်ဆေးအသုံးကပြု၍နှိမ်နင်းနိုင်ပါသည်။ရေ (၁၆) လီတာဆန့်ဆေးဖျန်းပုန်းတွင်ဆေးရည် ( ၂၀-၄၀ ) စီစီထည့်သွင်းကာပက်ဖျန်းကာကွယ်ပါ။

×

နှမ်းသီးနှံစိုက်ပျိုးရေး

နှမ်းသီးနှံ

နှမ်းသီးနှံစိုက်ပျိုးရေး

မြန်မာအမည် : နှမ်း

အဂ်လိပ်အမည် : Sesame

သိပ္ပံအမည် : Sesamum indican

မျိုးစဉ် : Lamiales

မျိုးရင်း : Pedaliaceae

မူရင်းဒေသ :
အာဖရိကရှိအီသီယိုပီးယားနိုင်ငံသည်နှမ်း၏မူရင်းဒေသဖြစ်ကြောင်းကို အများစုကလက်ခံထားကြပါသည်၊သို့သော်အချိန်စောစောကပင်၎င်းနိုင်ငံ မှတဆင့်အာရှတိုက်အနောက်ပိုင်းကိုဖြတ်၍၊အိန်္ဒိယ၊တရုတ်နှင့်ဂျပန်နိုင်ငံ များသို့ပြန့်နှံ့သွားကြသည်ဟုစာပေများတွင်ဖေါ်ပြထားသည်ကိုဖတ်ရှုမှတ်သား ရပါသည်။

နှမ်းမျိုးများ :
နှမ်းသီးနှံတွင်မျိုးကွဲပေါင်းများစွာရှိကြသည်။အစေ့အရွယ်အစား၊ပုံစံ၊ အရောင်အသွေး၊အပွင့်အရောင်နှင့်ဆီပါဝင်မှုစသည်ဖြင့်အမျိုးမျိုးကွဲ ပြားကြသည်။

အမျိုးအစား :
နှမ်းသီးနှံတွင်အသီးတောင့်များသီးမှုပုံစံအရတစ်ပင်တိုင်မျိုး နှင့်ကိုင်းဖြာမျိုးဟူ၍ခွဲခြားထားကြပါသည်။ကိုင်းဖြာမျိုးများမှာ ပင်မပင်စည်မှကိုင်းတက် ၄- ၅ ကိုင်းထွက်ပြီး၊အကိုင်းတိုင်းတွင် အသီးများသီးသည်။တစ်ပင်တိုင်နှမ်းမျိုးများသည်ပင်စည်တစ်ခုတည်း သာရှိကာ၊၎င်းပင်စည်တလျှောက်တွင်အသီးများမျက်နှာချင်းဆိုင်သို့မဟုတ် မျက်နှာလွှဲပုံစံဖြင့်နှမ်းမျိုးကိုလိုက်၍၊အသီးများသီးကြပါသည်။ရွက်ဆိုင်ထွက် သောနှမ်းမျိုးများတွင်အသီးများသည်မျက်နှာချင်းဆိုင်ထွက်လေ့ရှိကြကာ၊ ရွက်လွှဲထွက်သောနှမ်းမျိုးများတွင်အသီးများသည်မျက်နှာလွှဲပုံစံအသီးများ သီးကြပါသည်။နှမ်းသီးနှံသည်လင်းတာကြိုက်သီးနှံဖြစ်ကာလင်းတာ၁၀ နာရီရှိပါက၊ပွင့်ရိုးပွင့်စဉ်အတိုင်းအပင်ပေါက်ပြီး၃၅ ရက်မှ၄၅ ရက်အကြာတွင် အပွင့်များပွင့်ကြပါသည်။သို့သောလည်းမျိုးပေါင်းများစွာတို့သည်ဒေသအလိုက်ဖြစ်ပေါ်သောလင်းတာကာလများတွင်ဖြစ်ထွန်းကြပါသည်၊

မြေအမျိုးအစား :
နှမ်းစိုက်ပျိုးရန်အတွက်အသင့်တော်ဆုံးနှင့်အကောင်းဆုံးမြေမှာ ရေသွင်းရေထုတ်ကောင်းမွန်ပြီး၊မြေသားထုထူကာ၊သမမြေအမျိုးအစား ပင်ဖြစ်ပါသည်။မြေမရွေးစိုက်ပျိုးနိုင်သော်လည်းရေဝပ်မှုဒါဏ်ကိုမခံရအောင် အထူးသတိပြုရပါမည်။နုံးမြေ၊သဲနုံးမြေနှင့်မြေစေးတို့တွင်ကောင်းစွာဖြစ်ထွန်း ပါသည်။သဲမြေ၊ကျောက်စရစ်မြေတို့တွင်စိုက်ပျိုးခြင်းကိုမူလုံးဝရှောင်ကြဉ် ရပါမည်။ နှမ်းကိုမြေအချဉ်အငံဓါတ်ညွှန်းကိန်းအရ (PH 4.5 - 8.5 )တွင်စိုက်ပျိုးနိုင် သော်လည်းအကောင်းဆုံးPH မှာ ( 6.2 - 7. 0 ) ပင်ဖြစ်ပါသည်။

စိုက်ချိန်ရာသီ :
နှမ်းစိုက်ပျိုးချိန်ကို အဓိကအားဖြင့် မိုးရာသီတွင်စိုက်ပျိုးသောနှမ်းလျှင်နှင့် မိုးနှောင်းရာသီတွင်စိုက်ပျိုးကြသောနှမ်းကြီးဟူ၍နှစ်မျိုးခွဲခြားထားပါသည်။ နှမ်းလျှင်မျိုးကိုမေလ၊ဇွန်လတို့တွင်စိုက်ပျိုးကြ၍၊ဇူလိုင်လနှင့်ဩဂုတ်လတို့ တွင်ရိတ်သိမ်းကြရသည်။မိုးနှောင်းနှမ်းမျိုးများကိုစက်တင်ဘာလမှအောက်တို ဘာလအတွင်းစိုက်ပျိုးကြကာ၊ဇန်နဝါရီလတွင်ရိတ်သိမ်းကြရပါသည်။မိုးကြို ရေသွင်းနှမ်းမျိုးများအားဖေဖဝါရီလလယ်မှမတ်လကုန်အတွင်းစိုက်ပျိုးကြ ပါသည်။

စအထွက်ကောင်းမျိုးများ :
နှမ်းသီးအထွက်နှုန်းကောင်းမွန်စေရန်အတွက်အထွက်ကောင်း မျိုးများအသုံးပြုရန်အရေးကြီးပါသည်။မိမိတို့ဒေသနှင့်ကိုက်ညီသည့် အထွက်နှုန်းမြင့်မားသည့်မျိုးများအားရွေးချယ်စိုက်ပျိုးရန်လိုအပ်ပါသည်။ သိပ္ပံနှမ်းနက်မျိုးသည်အထွက်ကောင်းမွန်သည့်အပြင်ရောင်းချရာတွင်လည်း ဈျေးကောင်းရရှိသဖြင့်တောင်သူများကြိုက်နှစ်သက်သဖြင့်အစိုက်များသော မျိုးဖြစ်ပါသည်။အဖြူရောင်ရှိသောနှမ်းမျိုးများသည်ပြည်ပဈေးကွက်ဝင်၍စိုက်ပျိုးသင့်သည့်မျိုးများဖြစ်ပါသည်။ဆင်းရတနာ - ၅ နှမ်းမျိုးသည်အပူဒဏ်ကို ခံနိုင်ရည်ရှိသဖြင့်မိုးကြိုစိုက်ပျိုးရန်သင့်တော်ပါသည်။အရေးကြီးသည့်အချက်မှာ မိမိတို့ဒေသနှင့်သင့်တော်သည့်အထွက်ကောင်းမျိုးများကိုစနစ်တကျရွေးချယ် စိုက်ပျိုးရန်ဖြစ်ပါသည်။အရည်အသွေးကောင်းမွန်ပြီးအပင်ပေါက် ၈၀ ရာခိုင်နှုန်း အထက်ရှိသောမျိုးများကိုအသုံးပြုရန်ဖြစ်ပါသည်။

စိုက်ပျိုးနည်းစနစ်များ :
အထွက်နှုန်းအမြင့်မားဆုံးရစေရန်အတွက်ဒေသအလိုက် စိုက်ချိန်ကို နောက်မကျစေဘဲစိုက်ပျိုးရန်လိုအပ်ပါသည်၊တစ်ဧကလျှင်သတ်မှတ် ထားသောအပင်ဉီးရေကိုဝင်အောင်စိုက်ပျိုးရန်မှာအရေးကြီးသည့်အချက် တစ်ချက်ဖြစ်ပါသည်။တစ်ပင်တိုင်နှမ်းမျိုးများတွင်တစ်တန်းနှင့်တစ်တန်း ၁၂ လက်မခြား၊တစ်ပင်နှင့်တစ်ပင်ကို ၄ လက်မကွာထားရန်လိုအပ်ပါသည်။ ကိုင်းဖြာမျိုးများတွင်မူ တစ်တန်းနှင့်တစ်တန်း၁၅ လက်မခြား၊တစ်ပင်နှင့် တစ်ပင် ၄ လက်မခြားကာ စိုက်ပျိုးရန်လိုအပ်ပါသည်။

ပြုစုစောင့်ရှောက်ခြင်း :
ကောင်စွာထွန်ယက်ထားသောစိုက်ပျိုးမည့်မြေကွက်များတွင် အပင်ပေါက်ရန်လုံလောက်သောအစိုဓါတ်ရရှိချိန်တွင်စိုက်ပျိုးပါ။ ၄-၅ ရက်ကြာပါကအပင်ပေါက်လေးများကိုစတင်တွေ့မြင်ရမည်။ နှမ်းပင်များတွင်အရွက် ၄ ရွက်ထွက်ပြီးနောက်တင်အပင်တန်းများကို ကန့်လန့်ဖြတ်ဖြစ်စေ၊ထောင့်တန်းဖြစ်စေ လေးသွားတပ်ထွန်ဖြင့်မောင်း ပေးရန်လိုပါသည်။အပင်တန်းများကြားတွင်လည်းမောင်းပေးရန်လိုပါသည်။ အပင်များပိုမိုသန်စွမ်းကာ၊ပေါင်းမြက်များလည်းကင်းဝေးစေမည်ဖြစ်သည်။ အပင်သက်တမ်းတစ်လအတွင်းပေါင်းမြက်များလုံးဝကင်းဝေးရန်လိုအပ် ပါသည်။အပွင့်ပွင့်စအချိန်နှင့်အပွင့်တိတ်စအချိန်များတွင်လည်းအစိုဓါတ် လုံလောက်ရန်အရေးကြီးပါသည်။အလင်းရောင်လုံလောက်စွာရရှိခြင်းဖြင့် နှမ်းစေ့များပါဝင်မှုပိုလာမည်ဖြစ်ပါသည်။အပူချိန်လျှော့နည်းမှုကိုမကြိုက် ပေ။

သွင်းအားစုများသုံးစွဲခြင်း :
စိုက်ပျိုးမည့်မြေကွက်များကိုထယ်ရေးထွန်ရေးပြုပြင်ချိန်တွင်ဒေသ အလိုက်ထွက်ရှိသောသဘာဝမြေဆွေးများ၊သို့မဟုတ်နွာချေးများကို တစ်ဧကလျှင်( ၁ -၃ ) တန်နှုန်းထည့်ပေးနိုင်ပါကပိုကောင်းပါသည်။ ဘက်စ်မြေပြင်အထွက်တိုးဂျစ်ပဆန်မြေဩဇာအမှုန့်( Gypsum Fertilizer G -24 ) ကိုတစ်ဧကလျှင် ( ၁-၃ ) အိတ်နှုန်းထည့်သွင်းအသုံး ပြုပါ။ဘက်စ်အရည်အသွေးမြင့်ကွန်ပေါင်းဓါတ်မြေဩဇာ( Best - Guaranteed Nutrients)အားမြေပြင်ချိန်တွင်အနည်းဆုံးတစ်အိပ်နှုန်းထည့်သွင်းအသုံးပြုပေးရန်လိုအပ်ပါသည်။ နှမ်းပင်များသားခွဲပြီးချိန်မှအပွင့်ပွင့်စအချိန်ထိ အပင်ကြီးထွားသန်မာစေရန်နှင့် အပင်တောင့်တင်းစေရန်အတွက်( ဘက်စ် 30 ;12 ;12 ) ကိုနံနက်ခင်းအချိန်များ တွင် ( ၇ - ၁၀ ) ရက်ခန့်ခြားကာပက်ဖျန်းပါ၊ အပွင့်ပွင့်ချိန်မှစကာအသီးများပိုမို များပြားလာစေရန်အတွက်အသီးအထွက်နှုန်းအားပေးဘက်စ်ရွက်ဖျန်းမြေဩဇာ ( 0 : 42 : 42 ) ကိုနှမ်းသီးရှဉ်းများရင့်မှည့်အောင်မြင်သည်အထိပက်ဖျန်း ပေးရန်လိုအပ်ပါသည်။

ပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်း :
အပင်ငယ်ရွယ်စဉ်အချိန်မှအပင်ကြီးထိစုပ်စားပိုးများ၊ ရွက်လိပ်ပိုးများကို ကာကွယ်နှိမ်နင်းရန်အရေးကြီးပါသည်။အထူးသဖြင့်နှမ်းဖိုရောဂါကိုဖြစ် စေသည့်သက်ရှိကိုသယ်ဆောင်သည့်ဖြုတ်ညိုပိုးများကိုအထူးအားဖြင့်ကာကွယ် နှိမ်နင်းရန်လိုအပ်ပါသည်။ နှမ်းစေ့စုပ်ပိုးများ၊ရွက်စားပိုးများ၊စုပ်စားပိုးများအား ကွန်ဖူးပိုးသတ်ဆေးကိုအသုံးပြု၍ကာကွယ်နှိမ်နင်းနိုင်ပါသည်။ နှမ်းရိုးမဲရောဂါများအတွက်စူပါမန်းမှိုသတ်ဆေးကိုအသုံးပြု၍ကာကွယ် နိမ်နင်းနိုင်ပါသည်။

ရိတ်သိမ်းခြင်း :
နှမ်းသီးများရင့်မှည့်ရာတွင်အောက်ဆုံးသီးရှဉ်းများမှစတင်ဝါလာပြီး အထက်ပိုင်းသို့တဖြေးဖြေးရင့်မှည့်ဝါလိုက်လာပါသည်။အဖျားပိုင်းရှိ အသီးများဝါနေအောင်စောင့်ဆိုင်းနေပါက၊အောက်ပိုင်းရှိအသီးများ ကွဲကုန်ကာ၊နှမ်းစေ့များဆုံးရှုံးရမည်ဖြစ်ပါသည်၊သို့ဖြစ်၍အဖျားပိုင်းအသီးများ ဝါနေအောင်မစောင့်ဆိုင်းဘဲ၊အပင်ရှိအသီးဉီးရေထက်ဝက်ခန့်ဝါလာပါက ရိတ်သိမ်းရန်ဖြစ်ပါသည်။ မျိုးအလိုက်အသီးရင့်မည့်မှုကွာခြားသဖြင့်အဖျားသီးများခွဲကြည့်၍အရောင် များလိုက်လာပါက၊ရိတ်သိမ်းရန်လိုအပ်မည်ဖြစ်ပါသည်။နှမ်းစေ့များအရည်အသွေးကောင်းမွန်စေရန်ရိတ်သိမ်းပြီးနှမ်းစည်းများအားတိုက်ရိုက်ထောင် ထားရန်လိုအပ်ပါသည်။

အသုံးပြုခြင်း :
နှမ်းစေ့များကိုနည်းအမျိုးမျိုးဖြင့်ကြိတ်ခွဲထုတ်လုပ်လိုက်သောနှမ်းဆီအား အမျိုးမျိုးအသုံးပြုကြပါသည်။စားသောက်ဖွယ်ရာမုံ့အမျိုးမျိုးပြုလုပ်စား သောက်ခြင်း။ဟင်းခတ်အမွှေးအကြိုင်အဖြစ်အသုံးပြုခြင်း၊ကျမ်းမာရေးအတွက် နည်းလမ်းများတွင်လည်းအသုံးပြုကြပါသည်၊ထို့ပြင်ပြည်ပနိုင်ငံများသို့တင်ပို့ ရောင်းချခြင်းဖြင့်လည်းတိုင်းပြည််အတွက်အကျိူးများစေပါသည်။အထူးသဖြင့် ဂျပန်နိုင်ငံသို့တင်ပို့ရောင်းချကြသည်။တရုတ်နိုင်ငံ၊ကနေဒါနိုင်ငံ၊နယ်သာလန် နိုင်ငံ၊တူရကီနှင့်ပြင်သစ်နိုင်ငံများသို့လည်းတင်ပို့ရောင်းချလျက်ရှိပါသည်။

ပါဝင်သောအာဟာရဓါတ်များ :
နှမ်းသီးနှံတွင် ကာဘိုဟိုက်ဒရိတ်၊ အဆီ၊ ဗီတာမင်များ၊ မင်နရယ်များ၊ရေ စသည်တို့ပါဝင်ကြပါသည်။ကယ်လဆီယမ်၊အိုင်းယွန်း၊ဖော့စ်ပရပ်၊ပိုတက်စီယမ်၊ ဆာလဖာနှင့်ဇင့်ဓါတ်တို့ပါဝင်ကြပါသည်။

စာပေကိုးကားချက်များ :

၁။ ဆရာကြီးဒေါက်တာထွန်းဆိုင် ၏ အခြေခံစိုက်ပျိုးရေးပညာစာအုပ်။

၂။ ဝီလီကီပီးဒီးယား။

၃။ စိုက်ပျိုးရေးဉီစီးဌာန၏ သီးနှံများပန်းတိုင်အထွက်နှုန်း စာစောင်။

×

ပဲမျိုးစုံ မှဲ့ပျောက်စွန်း ရောဂါ

ပဲမျိုးစုံ မှဲ့ပျောက်စွန်း ရောဂါ

ပဲမျိုးစုံ မှဲ့ပျောက်စွန်း ရောဂါ

မြန်မာအမည် : ပဲမျိုးစုံ မှဲ့ပျောက်စွန်း ရောဂါ

အဂ်လိပ်အမည် : Anthracnose

ရောဂါဖြစ်စေသည့်သက်ရှိ : Colletotrichum lindemuthianum

နိဒါန်း :
ပဲမျိုးစုံမှဲ့ပျောက်စွန်းရောဂါသည်မှိုကြောင့်ဖြစ်စေသည့်ရောဂါဖြစ်ပါသည်။ အခြားသောနည်းလမ်းများထက်မျိုးစေ့မှတဆင့်ကူးစက်စေသည့်မျိုးစေ့ ဆောင်ရောဂါဖြစ်ပါသည်။ပဲသီးနှံများတွင်သာမကအခြားသောဟင်းသီး ဟင်းရွက်နှင့်သီးနှံများတွင်လည်းကျရောက်ပါသည်၊ဤရောဂါကျရောက်သဖြင့် အပူပိုင်းဒေသရှိပဲစိုက်ခင်းများတွင်အထွက်နှုန်းများစွာထိခိုက်စေသဖြင့်စီးပွား ရေးအရနစ်နာစေပါသည်။ပဲမျိုးစုံသီးနှံအများစုသည်ရောဂါဖြစ်ပွားစေသည့် လက်ခံပင်များပင်ဖြစ်ကြသည်။

ရောဂါလက္ခဏာ :
ပဲမျိုးစုံသီးနှံများတွင်အများဆုံးကျရောက်လေ့ရှိသည်။အပင်၏မြေပေါ်အစိတ် အပိုင်းများဖြစ်ကြသည့်အရွက်ပင်စည်၊ရိုးတံ၊အတောင့်များ၊အစေ့များတွင် ကျရောက်လေ့ရှိကြသည််။ အရွက်များ။ ။ အရွက်များ၏ရွက်ကြောကြားများထဲတွင်ပြေပြစ်မှုမရှိ သောနီညိုရောင်ရှိဒေါင့်ပုံစံများကိုအပျောက်များကိုတွေ့မြင်ရသည်။အထူးသ ဖြင့်အရွက်အောက်မျက်နှာပြင်တွင်အမဲရောင်ဖြစ်ပေါ်နေသည့်ကျဉ်းမြောင်း သောအစင်းများကိုတွေ့မြင်ရသည်။ ပင်စည်။ ။ ပဲပင်၏ပင်စည်နှင့်ရိုးတံများပေါ်တွင်လည်းနီညိုရောင် အနာချိမ့်များအားတွေ့မြင်ရသည်။အနာဒါဏ်ရာများသည်စက်ဝိုင်းပုံ၊ဘဲဉပုံ စံများဖြစ်ကာရောဂါပြင်းထန်လာပါက၊ပဲပင်၏ပင်စည်များကိုတစ်ပါတ်လည် ဝိုင်းထားသကဲ့သို့ဖြစ်နေသည်။ ပဲသီးတောင့်များ အတောင့်များပေါ်တွင်မူ၊သေးငယ်ပြီးနီညိိုရောင်စက်ဝိုင်းပုံစံအပျောက်များအား တွေ့ရှိရသည်။အသီးနုများပေါ်ကျပါကအပျောက်များသည်သံချေးရောင်ရှိကာ။ အရွယ်အစားကြီးမားလာပါကနီညိုရောင်အရစ်ဖြင့်ဝိုင်းရံထားသောအနာချိမ့် ခွက်များဖြစ်လာသည်၊ပဲသီးတောင့်များသည်ကြီးထွားမှုပုံစံပျက်စီးသွားသည့် အပြင်၊တွန့်လိမ်ရှံ့တွသွားစေသည်။ အစေ့အဆန်များ ပဲစေ့များပေါ်တွင်ရောဂါဆက်လက်ကူးစက်မှုဖြစ်လာပါက၊အစေ့များပေါ်တွင် အဝါရောင်မှအညိုရောင်ဒါဏ်ရာများကိုတွေ့နိုင်သည်။ပဲစေ့များမှာကြီးထွား ဖွံ့ဖြိုးလာမှုမရှိတော့ပါ၊ရောဂါကျရောက်ထားသည့်ပဲစေ့များသည်အပင်ပေါက် နှုန်းကောင်းမွန်ခြင်းမရှိတော့ချေ။ စိုက်ခင်းအတွင်းတွင်ခြောက်နေသောပဲပင်များနှင့်အကိုင်းများအားနေရာအနှံ့ တွေ့ရှိရခြင်းသည်မှဲ့ပျောက်စွန်းရောဂါကျရောက်နေသည်ကိုထင်ရှားစွာဖေါ် ပြနေသည့်လက္ခဏာများပင်ဖြစ်ပါသည်။

ရောဂါပြန့်နှံ့ပုံ :
မျိုးစေ့မှတဆင့်ကူးစက်စေသဖြင့်ရောဂါကျရောက်သောမျိုးစေ့များကိုစိုက်ပျိုး ခြင်းမပြုသင့်ချေ။စိုက်ခင်းအတွင်းတိုက်ခတ်သောလေ၊ ရွာသွန်းသောမိုးရေ သွင်းရေတို့မှတဆင့်ကူးစက်ပြန့်နှံ့ကြသည်။ရောဂါဖြစ်စေသည့်သက်ရှိမှိုသည် မျိုးစေ့အတွင်းတာရှည်စွာအသက်ရှင်သန်နေနိုင်စွမ်းရှိသည်။ရာသီဉတုသည် ပူနွေးစွတ်စိုထိုင်းမှိုင်းနေပါက၊‌ရောဂါပိုမိုပြန့်နှံ့လွယ်ကူစေသည်။အပူချိန် ( ၁၈ ဒီဂရီစင်တီဂရိတ်နှင့် ၂၅ ဒီဂရီစင်တီဂရိတ်အကြားတွင်ရောဂါလက္ခဏာများ စတင်ဖြစ်ပေါ်လာသည်ကိုတွေ့ရှိနိုင်သည်။ရောဂါရမှိုသည်သီးနှံတစ်ရာသီမှ တစ်ရာသီသို့ပဲမျိုးစေ့၏အစေ့ခွံအတွင်းခိုးအောင်းခြင်းသာမက၊သီးနှံပင်အကြွင်း အကျန်များတွင်ခိုအောင်းကာ၊ကူးစက်ပြန့်နှံ့စေပါသည်။

ကာကွယ်နှိမ်နင်းခြင်း :

၁။ ရောဂါကင်းစင်ပြီးသန့်စင်သောမျိုးများကိုသာရွေးချယ်စိုက်ပျိုးပါ။

၂။ ပဲမျိုးနွယ်ဝင်မဟုတ်သည့်အခြားသီးနှံများကိုအလှည့်ကျစိုက်ပျိုးပါ။

၃။ ရောဂါရပင်ကြွင်းပင်ကျန်များကိုမီးရှို့ဖျက်ဆီးပါ။

၄။ ရာသီဉတုစွတ်စိုထိုင်းမှိုင်းသောခြေအနေမျိုးတွင်စိုက်ပျိုးရိတ်သိမ်းခြင်းမပြုရ။

၅။ ရောဂါရ အသီးအတောင့်အစေ့များကိုဖယ်ရှားပြစ်ပါ။

၆။ အေဇိုပါဝါ ( ၃၂. ၅ ) ရာခိုင်နှုန်း အက်စီဖြစ်သည့်မှိုသတ်ဆေးကိုအသုံးပြု၍ကာကွယ်နှိမ်နင်းနိုင်ပါသည်။

×

ပဲမျိုးစုံဖားဉမှိုရောဂါ

ပဲမျိုးစုံဖားဉမှိုရောဂါ

ပဲမျိုးစုံဖားဉမှိုရောဂါ

မြန်မာအမည် : ပဲမျိုးစုံဖားဉမှိုရောဂါ

အဂ်လိပ်အမည် : Powdery Mildew

ရောဂါဖြစ်စေသည့်သက်ရှိ : Erysiphe polygoni

နိဒါန်း :
စိုက်ပျိုးသီးနှံတော်တော်များများတွင်ကျရောက်တတ်သောရောဂါဖြစ်သည်။ Erysiphaceae မျိုးရင်းတွင်ပါဝင်ကာကျရောက်ပါကစီးပွားရေးဆုံးရှံးစေနိုင် သည်။သီးနှံအထွက်နှုန်းကျဆင်းစေယုံမက၊သီးစားသီးနှံများတွင်အရည်အသွေး ညံ့ဖျင်းစေသည်။အချိန်တိုအတွင်းတပင်လုံးသို့ပြန့်နှံကာရောဂါဖြစ်ပွားစေသဖြင့် အလေးထားကာနှိမ်နင်းသွားရန်အထူးလိုအပ်ပါသည်။

ရောဂါလက္ခဏာ :
ရောဂါဖြစ်စေသည့်သက်ရှိမှိုသည်ပဲသီးနှံများ၏အရွက်များကိုစတင်တိုက်ခိုက် ကြသည်။ဤရောဂါကျရောက်ပါကရောဂါလက္ခဏာများသည်ကွဲပြားကြသည်။ ပဲပင်မှာရှေးဉီးစွာအားနည်းသွားသည့်အပြင်အရောင်အဆင်းအနည်းငယ်ပျက်စီးသွားသည်။ရောဂါဖြစ်စေသည့်မှိုမျှင်များကြီးထွားလာမှုကြောင့်ပေါင်ဒါမှုန့်သဖွယ် အဖြူရောင်အစက်အပျောက်များကို၊အရွက်များပေါ်တွင်တွေ့မြင်ရသည်။ အရွက်နှင့်ပင်စည်ပေါ်တွင်အဖြူရောင်အမှုန့်များကိုစတင်တွေ့မြင်နိုင်သည်။ အောက်ဆုံးအရွက်များမှာရောဂါပြင်းထန်စွာကျသည့်အပြင်မကြာမှီအပင်၏ အပေါ်ပိုင်းများဆီသို့ရောဂါပြန့်နှံ့သွားသည်။အသီးတောင့်များထိရောဂါဖြစ်ပွား စေသဖြင့်အစေ့အဆန်အောင်မြင်ခြင်းနည်းပါးသွားသည်။ဖြစ်ပေါ်လာသောအ စေ့အဆန်များသည်အရည်အသွေးအလွန်ပင်ညံ့ကာဈေးကွက်မဝင်တော့ချေ။ ရောဂါကျရောက်မှုပြင်းထန်လွန်းပါကအရွက်များတွင်သာမကပဲပင်တစ်ပင်လုံး ကိုပါပေါင်ဒါမှုန့်များဖြူးထားသကဲ့သို့ဖြစ်ပေါ်နေသည်။အရွက်များသည်လည်း ပုံမမှန်ဖြစ်လားပြီးအရောင်မှာအဝါရောင်သန်းကာနောက်ဆုံးသေဆုံးသွားသည်။ အသီးတောင့်များမှာလည်းသေးကွေးကြုံလှီပြီး၊ပုံစံပျက်လာ၍၊တွန့်ခြောက်ကာ၊ ဆုံးရှံးသွားရသည်။

ရောဂါသံသရာ :
ဖားဉမှိုရောဂါဖြစ်စေသည့်သက်ရှိများ၏မှိုစပိုးများသည်လေနှင့်အတူပြန့်နံ့ကာ အခြားအပင်များဆီသို့ကူးစက်စေသည်။ပဲပင်များ၏ကြီးထွားနေဆဲအဆင့်တိုင်း ကိုဝင်ရောက်တိုက်ခိုက်ကြသည်။ရောဂါဖြစ်စေသည့်မှိုသည်ရောဂါရအစေ့များ၊ သီးနှံပင်အကြွင်းအကျန်များနှင့်၊မြေကြီးထဲတွင်ခိုအောင်းနေနိုင်ကြသည်။လေ၊ ရေ၊မိုးရေ၊အင်းဆက်များ၊စိုက်ခင်းအတွင်းလူသားများမှတဆင့်မှိုစပိုးများသည် တခင်းမှတခင်းသို့ကူးစက်ပြန့်နှံ့ကြသည်။

ရောဂါဖြစ်ပွားရန်အားပေးမှုအခြေအနေများ :
ပူနွေးသောအပူချိန် ( ၁၅ ဒီဂရီစင်တီဂရိတ် မှ ၂၅ ဒီဂရီစင်တီဂရိတ်ထိ ) စွတ်စိုထိုင်းမှိုင်းမှုအခြေအနေ ( ၇၀ ရာခိုင်နှုန်းအထက် ) ရှိသောအခြေအနေ များတွင်ကြီးထွားနေဆဲပဲပင်များတွင်၊ ( ၄ ရက် ၅ ရက်အတွင်း) ရောဂါကျ ရောက်စေနိုင်သည်။အေးပြီးခြောက်သွေ့သောရာသီမျိုးတွင်ဖားဉမှိုရောဂါ ပိုမိုဖြစ်ပွားစေသည်။ပန်းပွင့်ချိန်နှင့်အစေ့အဆန်များဖြစ်ထွန်းနေဆဲကာလများ တွင်ရောဂါကျရောက်မှုပြင်းထန်ပါသည်။

ကာကွယ်နှိမ်နင်းခြင်း :

၁။ ပဲပင်အကြွင်းအကျန်များကိုဖျက်ဆီးပြစ်ပါ။

၂။ ဒေသအလိုက်ခံနိုင်ရည်ရှိသောမျိုးကိုစိုက်ပျိုးပါ။

၃။ ပဲမျိုးနွယ်ဝင်မဟုတ်သည့်သီးနှံများဖြင့်အစားထိုးစိုက်ပျိုးပါ။။

၄။ စတားကိုနာဇော်လ် ၂၅ ရာခိုင်နှုန်း အီးစီ မှိုသတ်ဆေးကို ရေ (၁၆ ) လီတာဆန့်ဆေးဖျန်းပုန်းတွင် ဆေးရည် ( ၂၀ စီစီ မှ ၃၀ စီစီ ) ထိထည့်သွင်း ကာအပင်ရောဂါလက္ခဏာစတင်ပြလျှင်ပြခြင်းအသုံးပြုပက်ဖျန်းပါ။

×

ပဲမျိုးစုံဖားဉမှိုရောဂါ

ကြက်သွန်သီးနှံစိုက်ပျိုးရေး

ကြက်သွန်သီးနှံစိုက်ပျိုးရေး

နိဒါန်း :
ကြက်သွန်နီသည်အမိမြန်မာနိုင်ငံတွင်စားဖိုချောင်သီးနှံအဖြစ်အများဆုံးအသုံး ကြသည့်သီးနှံဖြစ်ပါသည်။စားသုံးရန်အတွက်နည်းလမ်းအမျိုးမျိုးဖြင့်ချက်ပြုတ် ကျော်လှော်ကာအသုံးပြုကြသည်။ထို့အပြင်ကြက်သွန်နီအားနေ့စဉ်စားသုံးခြင်း ဖြင့်ကျန်းမာရေးကိုလည်းအထောက်အကူဖြစ်စေပါသည်။ပြည်တွင်းစားသုံး၍ ပိုလျှံသည်များကိုပြည်ပသို့တင်ပို့ရောင်းချခြင်းဖြင့်တိုင်းပြည်အတွက်နိုင်ငံခြား ငွေရှာဖွေပေးသဖြင့်အထူးအရေးပါသောလယ်ယာထွက်ကုန်ပစ္စည်းဖြစ်ပါသည်။ သို့ဖြစ်ပါ၍အရည်အသွေးကောင်းမွန်ပြီး၊အထွက်နှုန်းတိုးတက်မြင့်မားလာစေရန် အတွက်စနစ်ကျစွာစိုက်ပျိုးထုတ်လုပ်သွားကြရန်လိုအပ်ပါသည်။

ကြက်သွန်နီ သီးနှံ သဘာဝ :
ကြက်သွန်နီသည်နှစ်နှစ်ခံသီးနှံမျိုးဖြစ်သော်လည်းအများဆုံးတနှစ်ခံပင်အဖြစ် စိုက်ပျိုးကြသည်။အေးသောရာသီတွင်အပင်ဖြစ်ထွန်းသန်စွမ်းကာဉများကြီးထွား စေမှုအတွက်ပူသောရာသီကိုဖြတ်သန်းကြရပါသည်။ကြက်သွန်နီဉများဖြစ်ပေါ်လာစေမည့်အောက်ခြေရှိအရွက်များသည်သေးသွယ်ကျဉ်းမြောင်းကာခေါင်းပွ၍ ချိမ့်ဝင်နေကြသည်။ရုက္ခဗေဒအလိုအားဖြင့်ကြက်သွန်နီကို ( Allium cepa )ဟု ခေါ်ဆိုကြပါသည်။ကြက်သွန်နီဆိုသည်မှာလက်တင်ဘာသာအားဖြင့်ဉတစ်မျိုး တည်းဟုအဓိပ္ပါယ််ရပါသည်။ကြက်သွန်သီးနှံသည်မျိုးအလိုက်ရိတ်သိမ်းရန်မှာ ရက်ပေါင်း ( ၈၀ မှ ၁၅၀ ) အထိကြာမြင့်ပါသည်။အမြစ်တိုသည့်သီးနှံဖြစ်ကာ မြေဆီလွှာအတွင်းတစ်လက်မကျော်ကျော်ထိတိုးဝင်နိုင်သော်လည်းဘေးသို့ကိုမူ အနည်းဆုံးတစ်ပေခန့်ထိဖြာထွက်နိုင်ပါသည်။

ရာသီဉတု :
ကြက်သွန်သီးနှံကိုအပူအအေးသင့်တင့်မျှတသောအပူပိုင်းဒေသများတွင်စိုက် ပျိုးဖြစ်ထွန်းနိုင်သည်။မိုးရွာသွန်းမှုများလွန်းခြင်း၊အအေးလွန်ကဲခြင်း၊ပူလွန်း ခြင်းမရှိသည့်ရာသီဉတုမျိုးတွင်စိုက်ပျိုးဖြစ်ထွန်းသည်။အစောပိုင်းကာလအပင် ဖြစ်ထွန်းမှုအတွက်သင့်တင့်သည့်အပူချိန်ကိုလိုအပ်သော်လည်းနောက်ပိုင်းဉများ ကြီးထွားဖွံ့ဖြိုးရန်အတွက်မူအပူချိန်မြင့်မားရန်လိုအပ်ပါသည်။အပင်ကြီးထွားစေ ရန်အတွက် ( ၁၃ ဒီဂရီစင်တီဂရိတ်မှ ၂၄ ဒီဂရီစင်တီဂရိတ်) နှင့်ဉများကြီးထွား လာစေရန် အတွက်အပူချိန်( ၁၆ ဒီဂရီစင်တီဂရိတ်မှ ၂၅ ဒီဂရီစင်တီဂရိတ်အထိ) အသီးသီးလိုအပ်ပါသည်။ပါတ်ဝန်းကျင်စွတ်စိုထိုင်းမှိုင်းမှု (၇၀) ရာခိုင်နှုန်းခန့် ရှိရန်လိုပါသည်။တနှစ်ပါတ်လုံးမိုးရေချိန်လက်မသုံးဆယ်အထက်နှံနှံစပ်စပ်ရွာ သွန်းရန်လိုပါသည်။မိုးများလွန်းသောဒေသများတွင်စိုက်ပျိုးရန်မသင့်တော်ချေ။

မြေအမျိုးအစား :
ရေစီးရေလာကောင်းစွာစီးဆင်းပြီးမြေဆီဩဇာကြွယ်ဝသောမြေမျိုးများတွင် စိုက်ပျိုးရန်အကောင်းဆုံးဖြစ်ပါသည်။မြေစေး၊နံးမြေ၊သဲနံးမြေများတွင်လည်း စိုက်ပျိုးဖြစ်ထွန်းသည်။သဲပါဝင်မှုများသည့်သဲနုံးမြေများတွင်မူဆာလဖာဓါတ် ပါဝင်မှုနည်းသောကြောင့်အရည်အသွေးသင့်တင့်မှုသာရှိနိုင်သည်။ဩဂဲနစ် ကြွယ်ဝကာ၊အစိုဓါတ်ကိုထိမ်းထားနိုင်သည့်မြေစေးများတွင်စိုက်ပျိုးပါကအရည် အသွေးမြင့်မားသောကြက်သွန်နီဉများကိုရရှိစေပါသည်။သို့ဖြစ်ပါ၍မြေအဆင့် အတန်းသာလွန်ကောင်းမွန်သောမြေများတွင်စိုက်ပျိုးရန်အကောင်းဆုံးဖြစ်သည် မြေချဉ်ငံကိန်းအရ ( ၆. ၀ မှ ၇.၅ ) အတွင်းရှိရန်လိုအပ်ပါသည်။ရေဝပ်ပြီးအချဉ် ဓါတ်များလွန်းပါကစိုက်ပျိုးရန်မသင့်တော်ချေ။အငံဓါတ်များလွန်းမှုမရှိသောမြေ မျိုးတွင်စိုက်ပျိုးနိုင်ပါသည်။

မျိုးရွေးချယ်ခြင်း :
မိမိတို့စိုက်ပျိုးမည့်ဒေသရှိရာသီဉတုနှင့်သင့်တော်ပြီးအရည်အသွေးသာလွန်ကာ အထွက််နှုန်းကောင်းမွန်သည့်မျိုးများကိုရွေးချယ်စိုက်ပျိုးရန်အထူးလိုအပ်ပါသည်သို့မှသာတူးဖော်ရောင်းချရာတွင်ဈေးကွက်ရောင်းတန်းဝင်သည့်အရည်အသွေးမြင့်မားသည့်ထွက်ကုန်များကိုရရှိပေမည်ဖြစ်ပါသည်။

စိုက်ပျိုးနည်းစနစ် :
ကြက်သွန်နီသီးနှံကိုစိုက်ပျိုးရာတွင်မိုးစိုက်နှင့်ဆောင်းရာသီပျိုးထောင်စိုက်နည်း ဟူ၍စိုက်ပျိုးကြပါသည်။မိုးရာသီတွင်စိုက်ပါကကြက်သွန်မျိုးဉကိုစိုက်ပျိုးခြင်း ဖြစ်သည်။ဉစိုက်ဒေသအခေါ်မြိတ်စားကိုစိုက်ပျိုးခြင်းဖြစ်သည်။ဝါခေါင်လဆန်းမှ တော်သလင်းလပြည့်အတွင်းအများဆုံးစိုက်ပျိုးကြသည်။ရွှေဖလားထိပ်မောက် မျိုးများအားအစိုက်များကြသည်။တူးဖော်ရန်အတွက်မူရက်ပေါင်း (၁၂၀ )ထိကြာ ပါသည်။အချို့ဒေသများတွင်အကြီးအကျယ်စိုက်ပျိုးကြသည်။အထွက်နှုန်းသင့် တော်သော်လည်းမိုးမိပါကအပျက်အစီးများတတ်သည်။သို့သော်ရောင်းချရာတွင် မူဈေးကောင်းရနိုင်သဖြင့်အကျိုးများစေပါသည်။ဆောင်းရာသီပင်စိုက်ကိုမူသီ တင်းကျွတ်လပြည့်နေ့အနီးတွင်စတင်ပျိုးထောင်ကာပျိုးသက် (၄၅) ရက်သားအ ရတွင်စိုက်ခင်းသို့ပြောင်းရွှေ့စိုက်ပျိုးခြင်းဖြစ်ပါသည်။ကြက်သွန်သီးနံသည်အေး သောရာသီနှင့်ပူသောရာသီနှစ်မျိုးစလုံးဖြတ်သန်းကျော်လွှားကြရသဖြင့်အရမ်း စောလွန်းပါကသီးနှံအရည်အသွေးကျဆင်းနိုင်သည်ကိုသတိပြုရန်လိုပါသည်။

ပျိုးခင်းစိုက်ခင်းမြေပြုပြင်ခြင်း :
ကြက်သွန်သီးနှံကိုစိုက်ပျိုးရာတွင်တောင့်တင်းခိုင်မာကာသန်စွမ်းသည့်ပျိုးပင် များရအောင်ဆောင်ရွက်ခြင်းနှင့်ရွှေ့ပြောင်းစိုက်ရာတွင်အရည်အသွေးကောင်း ဉများရစေရန်အတွက်ဆောင်ရွက်ခြင်းလုပ်ငန်းများသည်အလွန်အရေးကြီးသည့် လုပ်ငန်းစဉ်များပင်ဖြစ်ပါသည်။ပျိုးခင်းစိုက်ခင်းနှစ်မျိုးလုံးတွင်ပေါင်းမြက်များ ကင်းအောင်ဆောင်ရွက်ခြင်း၊ရေစီးဆင်းမှုကောင်းစေခြင်း၊လိုအပ်သည့်သဘာဝ မြေဩဇာနွားခြေး၊မြေဆွေးများထည့်ပေးခြင်းတို့ကိုဆောင်ရွက်ထားရန်လိုအပ် ပါသည်။ပေါင်းမြက်များကင်းရှင်းစေရန်အတွက်မစိုက်မှီနှင့်စိုက်ပျိုးပြီးနောက်တွင်ပေါင်းသတ်ဆေး(ခရက်(ဇ်)ကိုအသုံးပြုနိုင်ပါသည်။ပျိုးခင်းဘောင်များနှင့်စိုက်ခင်းဘောင်များအားအစိုဓါတ်ထိမ်းသိမ်းရန်အတွက်မြေယာပြုပြင်ခြင်းများကိုပြုလုပ်ရန်လိုအပ်ပါသည်။ပျိုးခင်းနှင့်စိုက်ခင်းများတွင်မြေသားဖွဲ့စည်းမှုပိုမိုအားကောင်းရန်အတွက်စိုက်ခင်းများတွင်(BestG-၂၄)ဂျစ်ပဆန်ကျောက်မှုန့်မြေဩဇာကိုတစ်ဧကလျှင်(၂)အိပ်နှုန်းခန့်ထည့်ပေးရန်လိုပါသည်။ကောင်းမွန်သန့်စင်သည့်ကြက်သွန်မျိုစေ့များကိုပျိုးခင်းတွင်စနစ်ကျစွာဆောင်ရွက်ပြီးပျိုးသက်(၄၅)ရက်အရတွင်စိုက်ခင်းသို့ပြောင်းရွှေ့စိုက်ပျိုးကြရပါသည်။

မြေဩဇာအသုံးပြုခြင်း :
ကြက်သွန်သီးနှံသည်နိုက်တြိုဂျင်ဓါတ်ကိုအများဆုံးစုပ်ယူစားသုံးကြပါသည်။ အပင်ဖြစ်ထွန်းချိန်၊ဉများဖြစ်ပေါ်ချိန်တို့တွင်အများဆုံးလိုအပ်သော်လည်းလွန် ကျူးစွာကျွေးပါကဆုံးရှုံးနစ်နာမှုများဖြစ်ပေါ်စေသည်ကိုသတိထားရန်လိုအပ် ပါသည်၊ (Best NPK 15-15-15 ) ကွန်ပေါင်းမြေဩဇာကိုစိုက်ခင်းအတွင်းစိုက် ချိန်တွင်တစ်ဧကလျှင်အနည်းဆုံးတစ်အိပ်နှုန်းကျွေးပေးရန်လိုပါသည်။စိုက်ခင်း မြေသားဖွဲ့စည်းမှုညံ့ဖျင်းပါက တစ်ဧကလျှင်နှစ်အိပ်နှုန်းခန့်ကျွေးပေးရန်လိုပါ သည်။လိုအပ်သောနိုက်တြိုဂျင်ဓါတ်အတွက် (Best 21 ) မြေဩဇာကိုမြေအမျိုး အစားအလိုက်တစ်ဧကအနည်းဆုံးနှစ်အိပ်ခန့်သုံးပေးရန်လိုအပ်ပါသည်။ထို့အတူကြက်သွန်ပင်များကြီးထွားနေဆဲကာလများတွင်အနည်းလိုအာဟာရဓါတ်များနှင့်နိက်တြိုဂျင်ဓါတ်တို့ရစေရန်ရွက်ဖျန်းမြေဩဇာ ( Best 30 :12:12 ) ကိုအသုံးပြုရန်လိုပါသည်၊ကြက်သွန်ဉများကြီးထွားနေဆဲကာလများတွင်ကြက် သွန်ဉများပိုမိုကြီးထွားလာစေပြီးအရည်အသွေးကောင်းမွန်စေရန်အတွက်ရွက် ဖျန်းမြေဩဇာ (Best 0: 42 : 42 ) ကိုပက်ဖျန်းရပါမည်။ကြက်သွန်ဉအနံ့အရ သာကောင်းမွန်စေရန်အတွက်ဆာလဖာပါဝင်သည့်ဆာလဖာအားဖြည့်နိုက်တြို ဂျင်မြေဩဇာ ( Best- 21 ) ကိုအပင်အတွက်အလီလီခွဲဝေကျွေးပေးရန်လိုအပ် ပါသည်။

ပိုမွှားရောဂါကာကွယ်ခြင်း :
အဓိကကျရောက်ဖျက်ဆီးသည့်ပိုးမှာစုပ်စားပိုးဖြစ်သည့်လှေးပိုးများပင်ဖြစ်သည် လှေးပိုးများကိုကာကွယ်ရန်အတွက်၊ဘစ်ရိုး (၂၀၀ ) အက်စီကိုအသုံးပြု၍ကာ ကွယ်နိုင်ပါသည်။ထို့အတူကြက်သွန်ဉများအရည်အသွေးအထွက်နှုန်းကိုထိခိုက် စေသည့်ကြက်သွန်တောက်တဲ့မီးရောဂါကိုမူ အေဇိုပါဝါ မှိုသတ်ဆေးကိုအသုံးပြု ၍ကာကွယ်နှိမ်နင်းနိုင်ပါသည်။

တူးဖော်ခြင်း :
ကြက်သွန်အလက်များခြောက်သွေ့လာကာဉများရင့်မှည့်ကြီးထွားလာပါက စနစ်တကျတူးဖော်ရန်အရေးကြီးပါသည်၊တူးဖော်ပြီးဉများကိုသန့်ရှင်းရေး ဆောင်ရွက်၍လေဝင်လေထွက်ကောင်းမွန်သည့်အဆောက်အဉီးများတွင်သို လှောင်သိမ်းဆည်းထားနိုင်ပါသည်။